November 30, 2022 0 Comments

Diaper ဆိုတာနဲ့ သားသား၊ မီးမီးတို့အတွက် သက်တောင့်သက်သာရှိမှုနဲ့ ယိုစိမ့်မှု မဖြစ်စေဖို့က အဓိကအရေးကြီးတယ်နော်။ သားသား၊ မီးမီးတို့ရဲ့ အရေပြားပွန်းပဲ့မှု၊ အသားအရေထိခိုက်မှု မရှိစေရဘဲ Chemical ပါဝင်မှုတွေကလဲ မရှိမဖြစ် ထည့်သွင်းစဥ်းစားသင့်တဲ့ အရာတွေပဲ ပေါ့။ ဒါကြောင့် မေမေတို့အနေနဲ့ နူးညံ့မှုနဲ့ စုပ်ယူမှု အားအကောင်းဆုံး Diaper ကို ရွေးချယ်တော့မယ်ဆိုရင် “Lebay” ကိုပဲ Diaper က အကောင်းဆုံးပဲလေ။ သားသား၊ မီးမီးတို့အတွက် “Lebay” Diaper တွေက နူးညံ့မှုအနေနဲ့…

  • အတွင်းအပြင် မျက်နှာပြင်တွေကို အကောင်းဆုံး အရည်အသွေး သဘာဝ ဝါဂွမ်းတွေကနေ ရရှိလာတဲ့ ပါးလွှာနူးညံ့တဲ့ ချည်သားကို ခေတ်မီနည်းပညာမြင့်ကို အသုံးပြုပြီး ထုတ်လုပ်ထားပါတယ်။
  • အတွင်းမျက်နှာပြင်တွေမှာ လေဝင်လေထွက်ကောင်းမွန်စေဖို့ အပေါက်ငယ်လေးများပါဝင်တဲ့အတွက် ကလေးငယ်များကို အေးမြစေပြီး သက်တောင့်သက်သာ ရှိစေမှာပေါ့။
  • ကလေးငယ်များ ပေါင်ပွန်းရှခြင်း မရှိစေဖို့အတွက်လဲ နူးညံ့ပျော့ပျောင်းပြီး ဖြူစင်ချောမွေ့တဲ့ ချည်သား အဖြူရောင်အလွှာကို အပြင်ဘက် မျက်နှာပြင်မှာ အသုံးပြုထားတဲ့အတွက် နူးညံ့မှုမှာ နံပါတ် (၁) ပါပဲ။

စုပ်ယူမှုအတွက်ဆိုရင်တော့

  • အဆင့်မြင့် Gel ကို အသုံးပြုထားတဲ့အတွက် နာရီပေါင်းများစွာ စုပ်ယူမှုအားကောင်းစေပြီး ကလေးလဲ ပျော်ရွှင်၊ မေမေတို့လဲ သက်သာပြီပေါ့။
  • ဘေးလိုင်းနှစ်ထပ်ပါရှိတဲ့အတွက် ယိုစိမ့်မှုကို ၂ ဆ ကာကွယ်ပေးပြီး ကလေးလေးတွေ စိတ်ကြိုက် လှုပ်ရှားနိုင်ပြီလေ။
  • စိုစွတ်မှု အချက်ပြမျဥ်းလဲ ပါဝင်သေးတော့ အများကြီး အလုပ်မရှုပ်ရတော့ဘဲ မေမေတို့ရော ဘေဘီလေးပါ စိတ်ချမ်းသာရပြီပေါ့။

ဒီ‌တော့ မေမေတို့ရဲ့ မေတ္တာတွေနဲ့ ထပ်တူ နူးညံ့ပြီး သားသား၊ မီးမီးတို့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ နူးညံ့မှုနဲ့ စုပ်ယူမှု အားအကောင်းဆုံး Diaper ကို ရှာဖွေနေတယ်ဆိုရင်တော့ အရည်အသွေးကောင်းပြီး ပေးရတဲ့ စျေးထက်တန်တဲ့ “Lebay” Diaper ကိုပဲ ‌ရွေးချယ်လိုက်တော့နော်။